Featured

    News

    KCB Center မှတင်ဆက်နေသောပို့စ်များသည် ကိုယ်ပိုင်ပို့စ်များနှင့် တရားဝင်ခွင့်ပြုချက်ယူပြီးတင်ဆက်နေသောပို့စ်များသာဖြစ်ပါသောကြောင့် သင့်ဆိုဒ်တွင် ကူးယူဖော်ပြလိုပါက KCB Center ၏ website လိပ်စာအား ပူးတွဲ၍ဖော်ပြပေးပါရန် အသိပေးကြေငြာလိုက်ပါသည်။

    downloadapps

;ကွန်နက်ရှင်တက်နေတယ် ... ခဏလေးစောင့်ပါနော် ...

ဒဏ္ဍာရီလာမှော်ဝင်သတ္တဝါများ Free Ebook Download

               ဒီတစ်ခေါက်မှာတော့ မှော်ပညာ Page က အက်ဒမင် Saw Lin Oo ရေးသားထားတဲ့ ဒဏ္ဍာရီလာမှော်ဝင်သတ္တဝါများစွာရဲ့ အကြောင်းတွေ စုစည်းဖော်ပြထားတဲ့ Ebook လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာလိုပဲ ရေးသားထားတာဖြစ်တဲ့အတွက် အားလုံးဖတ်ရှုရအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။



ကာရှိုင်း (ကြယ်စင်ချစ်သူ)

လူသိနည်းသောအပလာချာအရှေ့အမေရိကန်စုန်းအတတ်ကိုဖွင့်ထုတ်ခြင်း

 

  ရိုးရာစကော့လူမျိုးအပ်ပလာချာစုန်းအများစုဟာ သဘာဝစွမ်းအင်နှင့် ရုပ်ရှင်ဆန်ဆန်မှော်စွမ်းအင်များကို ယုံကြည်လေ့မရှိကြပါဘူး။ သူတို့ယုံကြည်ကြတာက လူသားအားလုံး၊ တိရိစ္ဆာန်အားလုံးနဲ့ အပင်အားလုံးမှာ ဝိညာဉ်ဓာတ်ကိုယ်စီရှိကြပြီး ကမ္ဘာမှာရှိတဲ့အရာအားလုံးဟာ ဝိညာဉ်ဓာတ်များရှိကြသလို အားလုံးရဲ့ဝိညာဉ်ဓာတ်တွေဟာ တန်းတူညီမျှရှိတယ်ဆိုတာပဲဖြစ်ပါတယ်။ ဓာတ်စွမ်းအားများကိုတောင်းဆိုဖို့ ဝတ်ပြုဆုတောင်းရမယ့်အစား စကားပြောတောင်းဆိုကြပါတယ်။ အပ်ပလာချာစုန်းတွေဟာ ဝိညာဉ်ဓာတ်အားလုံးရဲ့ တန်းတူညီမျှရှိမှုကိုသက်ဝင်ယုံကြည်ကြပြီး ဝိညာဉ်များအားလုံးဟာ စကြဝဠာစွမ်းအင်စုကြီး (သို့မဟုတ်) နတ်ဘုရားရဲ့ တစ်စိတ်တစ်ပိုင်းပင်ဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ရှေးယခင်ဒီစုန်းများဟာ သူတို့ဘိုးဘေးဘီဘင်တို့ရဲ့ပညာဆက်ကို လေးစားသက်ဝင်ယုံကြည်ကြပြီး သူတို့ရဲ့ဘိုးဘေးဘီဘင်တွေကိုလည်း သူတို့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ်နဲ့ ဂုဏ်ယူဝင့်ကြွားစွာပြောဆိုတတ်ကြပြီး နတ်ဘုရားများဟာ သီးခြားစီရှိကြပြီး စကြဝဠာဆိုင်ရာစွမ်းအင်စုကြီး (သို့မဟုတ်) နတ်ဘုရားနဲ့ သိပ်ပြီးသက်ဆိုင်မှုမရှိလှလို့ ယုံကြည်ထားကြပါတယ်။ ယနေ့အချို့စုန်းများမှာတော့ နတ်ဘုရားအားလုံးဟာ တစ်ပါးတည်းကပဲ ကွဲထွက်လာတယ်လို့ သက်ဝင်ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဒီယုံကြည်မှုဟာ ရှေးယခင်ကစုန်းကဝေအယူအဆတွေနဲ့ သက်ဆိုင်မှုမရှိပဲ ကွဲပြားနေတာကို သတိပြုရမှာဖြစ်ပါတယ်။
ယခု ယနေ့ခေတ်ဒီအချိန်အထိ အပ်ပလာချာစုန်းအတတ်မှာအသုံးချနေဆဲ မှော်နည်းအချို့နဲ့စီရင်နည်းများကို မျှဝေပေးချင်ပါတယ်။ တကယ်လို့ သင့်နောက်မှာ သရဲတစ္ဆေ မကောင်းဆိုးဝါးတွေလိုက်နေတယ်လို့ ခံစားလာရရင်၊ ဒါမှမဟုတ် လိုက်မလာစေချင်ရင် ခပ်သုတ်သုတ်လေးလျှောက်သွားပြီး အိမ်ကိုရောက်အောင်ပြန်ပါ။ မပြေးပါနဲ့။ အိမ်တံခါးရှေ့ကိုရောက်ပြီဆိုရင်တော့ ရုတ်တရပ် ခပ်သုတ်သုတ်လမ်းလျှောက်နေရာကနေ ရပ်တန့်လိုက်ကာ နာရီလက်တံအတိုင်း သုံးပတ်လှည့်လိုက်ပါ။ လှည့်နေတဲ့အချိန်မှာလဲ
"Ghoulies, ghosties, shades
of the dead; turning, spinning, dizzy in the head."
ဆိုတဲ့ မန္တန်စာသားလေးကို ဆက်တိုက်ရွတ်ဆိုပေးနေပါ။ ဒီမန္တန်ကြောင့် သင့်အနားမှာရှိတဲ့ မကောင်းဆိုးဝါးတွေကို အာရုံထွေပြားသွားစေပြီး နောက်ကိုလိုက်မလာနိုင်တော့အောင် တားဆီးပြီးသားဖြစ်သွားပါလိမ့်မယ်။
အမေရိကရဲ့ အရှေ့တောင်ပိုင်းကျေးလက်ဒေသတွေမှာ အပလာချာစုန်းအမှတ်အသားကို ကြယ်တစ်ပွင့်အဖြစ်နဲ့အသုံးပြုကြပါတယ်။ မကောင်းသောအရာများကို တားဆီးဖို့ ဒီဒေသတွေမှာ အဲ့ဒီ Appalachia အမှတ်အသားကို အိမ်တံခါးဝတွေမှာ ရေးဆွဲချိတ်ဆွဲထားကြပါတယ်။
အပ်ပလာချာဒေသမှော်အတတ်မှာ မီးခိုးတိုင်မှ မီးခိုးများရဲ့လှုပ်ရှားမှုကို ကြည့်ကာ မိုးလေဝသကိုခန့်မှန်းတွက်ချက်ကြပြီး ရာသီဥတုဘေးဆိုးကနေ လွတ်မြောက်ဖို့ ကြံဆကြပါတယ်။ တကယ်တမ်းတော့ ဒီမီးခိုးလှုပ်ရှားမှုကို ခန့်မှန်းတွက်ချက်တဲ့နည်းဟာ ထင်ထားတာထက်အရမ်းလွယ်ကူပြီး အရှေ့အမေရိကကျေးရွာများမှာ သုံးနေဆဲဖြစ်ပါသေးတယ်။ ယခု အဲ့ဒီမီးခိုးရာသီဥနိမိတ်အချို့ကိုဖော်ပြပေးပါမယ်။ အကယ်၍ မိုးရွာနေစဉ် ဒါမှမဟုတ် ဆီးနှင်းများကျဆင်းနေစဉ်မှာ မီးခိုးခေါင်းတိုင်မှမီးခိုးဟာ အပေါ်ကို တည့်တည့်မတ်မတ် မျဉ်းဖြောင့်အတိုင်း ထောင်တက်နေတယ်ဆိုရင် ဒါဟာ ဆီးနှင်းကျတာ ဒါမှမဟုတ် မိုးရွာတာ မကြာမီ တိတ်တော့မယ့် လက္ခဏာဖြစ်ပါတယ်တဲ့။ တကယ်လို့ အဲ့ဒီမီးခိုးများဟာ တည့်တည့်မတက်ဘဲ အိမ်ခေါင်နားတစ်ဝိုက်မှာသာ ဝေ့ဝဲရစ်ဆိုင်းနေမယ်ဆိုရင် ဆီးနှင်းထူထပ်ခြင်း သို့မဟုတ် မိုးသည်းထန်စွာရွာခြင်းဟာ နောက်(၂၄)နာရီအတွင်း ဖြစ်ပျက်တော့မယ့် နိမိတ်ပါပဲတဲ့ ...။ တကယ်လို့ မီးခိုးတွေဟာ နိမ့်ကျစွာ အောက်မှာပဲဝေ့ဝဲနေပြီး ငှက်တွေက လှုပ်လှုပ်ရှားရှားဖြစ်နေတယ်ဆိုရင် မကြာမီ ရာသီဥတုကြည်လင်သာယာလာမယ့် လက္ခဏာအဖြစ်သတ်မှတ်ကြပြီး တကယ်လို့သာ မီးခိုးတွေက အပေါ်မတက်ဘဲ ခေါင်းတိုင်ထဲကိုသာ ပြန်ဝင်နေတယ်ဆိုရင် ဒါဟာ ရာသီဥတုထူးဆန်းစွာ ပြောင်းလဲတော့မယ့် နိမိတ်အဖြစ်မှတ်ယူကြပါတယ်။ ရာသီဥတုစောင့်ကြည့်မှုကို မီးတောက်ဖြင့်အာရုံခံစားခြင်း ဝိညာဉ်များဖြင့်ဆက်သွယ်ခြင်းစသော မှော်အစီရင်များဖြင့်လည်း အပ်ပလာချာစုန်းအတတ်မှာ ပြုလုပ်လေ့ရှိသော်လည်း များသောအားဖြင့် မီးခိုးခေါင်းတိုင်မှ မီးခိုးကိုစောင့်ကြည့်ခန့်မှန်းကြပါတယ်။
Appalachan Granny Magic လို့ခေါ်တဲ့ အလွန်ရှေးကျသော Appalachia စုန်းအယူအဆတစ်ခုလဲရှိပါသေးတယ်။ ဒီယုံကြည်မှုဟာ အပလာချာတောင်တန်း (Appalachian Mountains) များသို့ ၁၇၀၀ ပြည့်နှစ်ခန့်က စကော့တလန်နှင့် အိုင်ယာလန်တို့မှ ရောက်ရှိလာကာ စတင်အခြေချသူများမှ သယ်ဆောင်စတင်ခဲ့တယ်လို့ ယူဆကြပါတယ်။ သူတို့ဟာလည်း သူတို့ရဲ့ ဘိုးဘေးအစဉ်အဆက်က ထိန်းသိမ်းလာခဲ့တဲ့ စကော့နဲ့အိုင်ယာလန်ရိုးရာ အစဉ်အလာများထံမှ ပြန်လည်သယ်ဆောင်လာခဲ့ကြတာပဲဖြစ်ပါတယ်။
အပ်ပလာချာတောင်တန်းတွေမှာနေထိုင်တဲ့စုန်းတွေဟာ သူတို့ကိုယ်သူတို့ Water Witches, Witch Doctors စသဖြင့် ခေါ်ဆိုကြပြီး ကုသခြင်း၊ အမှောင့်ပယောဂရှင်းထုတ်ခြင်းတို့ ကဲ့သို့သော လုပ်ငန်းစဉ်မျိုးလုပ်ဆောင်သောသူကို Witch Doctor လို့သတ်မှတ်ပြီး ရေအောက်တွင်ရှိသော အစွမ်းရှိအဆောင်များရှာဖွေခြင်း၊ အစွမ်းရှိဆေးလုံးများဖော်စပ်ခြင်းနှင့် မှော်ဆေးရည်များဖန်တီးခြင်းတို့ကဲ့သို့သော လုပ်ငန်းစဉ်မျိုးလုပ်ဆောင်သူကို Water Witch လို့ ယေဘုယျအားဖြင့်သတ်မှတ်ထားပါတယ်။ Appalachan Granny Magicကို မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာခဲ့ကြခြင်းမျိုးမဟုတ်ဘဲ သူတို့ရဲ့ သားသမီးများဟာ ဒီ Applacha နဲ့ပတ်သတ်တဲ့ မှော်သီချင်း၊ ဂါထာများမှတစ်ဆင့် ပြန်လည်သိလာ စူးစမ်းလာ တတ်မြောက်လာကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အချို့ပညာရပ်တွေဟာ ကွယ်ပျောက်ပြီး အချို့အယူအဆတွေကတော့ ရှေးကနဲ့ မတူဘဲ ပုံစံအသစ်တွေနဲ့ပြောင်းလဲယုံကြည်နေကြတာကိုတွေ့ရသလို အပ်ပလာချာမှော်သီချင်းများ၊ မှော်မန္တန်များ စတဲ့အရာများကို Appalacha ဒေသမှာတင်မက စကော့တလန်နဲ့ အိုင်ယာလန်တို့မှာ ယနေ့အထိ တွေ့နေရပါသေးတယ်။
ကန်တက်ကီ၊ ဂျော်ဂျီယာ၊ တန်းနက်စ်၊ ဗာဂျီးနီးယားနဲ့ ကာရီုလိုင်းနားတောင်တန်းဒေသတွေမှာ ရှေးကျတဲ့ယုံကြည်မှုဖြစ်တဲ့ မှော်အတတ်တွေကို ၂၀ ရာစုတိုင်သည်အထိ အရှိန်အဟုန်ကြီးစွာ သက်ဝင်ယုံကြည်ခဲ့ကြပြီး ခေတ်သစ် နည်းပညာခေတ်ရောက်တဲ့အခါ အချို့ဒေသတွေမှာ ဒီအယူအဆတွေပြန်လည်ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီတောင်တန်းဒေသကလူတွေဟာ မိခင်သဘာဝတရားကြီးကို သက်ဝင်ယုံကြည်နေကြဆဲပဲဖြစ်ပါသေးတယ်။ ဒါကြောင့် အမိသဘာဝတရား၊ Jack Frost, အဖဂိမာန်၊ Chloe, Spider Grandmother, Demeter စသော များပြားလှစွာသော နတ်များကို အပ်ပလာချာယုံကြည်မှုကြီးမှာ ယခုထိ ယုံကြည်နေဆဲ ယုံကြည်သူဦးရေ တိုးပွားလာဆဲပဲဖြစ်ပါတယ်။ Jack Frost ကိုတော့ Rise of the Guardians ကာတွန်းဇာတ်ကောင်တစ်ယောက်အနေနဲ့ လူသိများပေမယ့် အပ်ပလာချာယုံကြည်မှုမှာပါဝင်တဲ့ နတ်တစ်ပါးဆိုတာ သိသူနည်းပါတယ်။ မြောက်ပိုင်းကာရိုလိုင်းနားတံဆိပ်ခေါင်းမှာ တရားဝင်အမှတ်အသားအဖြစ်ရိုက်နှိပ်ထား ကောက်ပဲသီးနှံတွေကို ကိုင်ဆောင်ထားတဲ့ ကောက်ရိတ်သိမ်းနတ်ဘုရားဖြစ်တဲ့ Lady Plenty နဲ့ တရားမျှတခြင်းနတ်ဘုရား Lady Liberty တို့ဆိုတာလည်း အပ်ပလာချာနတ်ဘုရားတွေထဲက လူသိများတဲ့နတ်ဘုရားတွေထဲကပါပဲ။
ကံကောင်းထောက်မစွာနဲ့ စုန်းကဝေ၊ မှော်အတတ်၊ အဆောင်မန္တရား၊ မှော်အစီအရင်တွေဟာ လက်ရှိခေတ် ခေတ်သစ်အပ်ပလာချာအယူအဆတွေလက်ဆင့်ကမ်းလာသည်အထိ ဒီဒေသတွေမှာ ဒီအရာတွေလုပ်ဆောင်တာကို တားမြစ်ခံရခြင်းတစ်ခါမှမရှိဖူးသေးပါဘူး။ စုန်းဆိုတဲ့ဝေါဟာရကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပွင့်လင်းစွာသုံးနှုန်းကြပြီး ၁၇ ရာစုမှ ၁၉ ရာစုအတွင်း အမေရိကမှာ ရာဇဝတ်မှု သတ်မှတ်သလိုမျိုး စုန်းတွေကို ဒီတောင်တန်းဒေသတွေမှာ အထင်မသေးဝံ့ကြပါဘူး။
Witch Doctor တွေကိုလည်း Witch Doctor ဆိုတဲ့ အသုံးနှုန်းနဲ့ ဆက်လက်ခေါ်ဆိုနေကြဆဲပင်ဖြစ်ပြီး ဖျားနာနေသောကလေးသူငယ်များအား ကုသခြင်း၊ မီးဖွားခြင်းနဲ့ ကုသခြင်းဆိုင်ရာကိစ္စ များမှာ လက်ရှိအချိန်ထိ သက်ဝင်ယုံကြည်နေကြဆဲပင်ဖြစ်ပါတယ်။ ၂၀ ရာစုနှစ်ထိ ဒီတောင်တန်းဒေသတွေမှာ ဆရာဝန်လာဖို့ လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ အလှမ်းဝေးလှတာကြောင့် ဒီ Witch Doctor တွေကိုပဲ အစဉ်အလာမပျက် အားကိုးနေခဲ့ရတာပါ။
Witch (Water Witch) များဟာ ဥယာဉ်ခြံမြေစတင်စိုက်ပျိုးခြင်း၊ ချစ်ခင်ရသောသူတို့ကိုမြှုပ်နှံခြင်း၊ ရေတွင်းတူးခြင်း အစရှိသော ကမာမြေနှင့်သက်ဆိုင်သောအလုပ်များကို စွမ်းအားပြည့် ရေဓာတ်အဆောင်များ၊ ဓာတ်ဆေးလုံးများနဲ့ ကောင်းသောဘက်မှာလုပ်ဆောင်ပေးနေဆဲဖြစ်ပါတယ်။ Haint လို့ဆိုတဲ့ သရဲတစ္ဆေတွေထက်ပို ကြောက်ဖို့ကောင်း အစွမ်းရှိတဲ့ ဝိညာဉ်တစ်မျိုးကိုလည်း ယုံကြည်ကြပြီး ထူးခြားချက်အနေနဲ့ Applachia စုန်းတွေဟာ မကောင်းသောအရာများကို ကာကွယ်ခြင်းအနေနဲ့ Haint ကိုကိုယ်စားပြုတဲ့ အပြာဖျော့ရောင်ကို အိမ်တံခါးများမှာ တောက်ပစွာဆေးသုတ်ထားတတ်ကြပါတယ်။
ဂီတဟာ Appalachian Granny Magic Tradition မှာ အရေးပါတဲ့အပိုင်းကနေလည်း ပါဝင်နေပါတယ်။ Appalachia မှော်အစီအရင်အများစုဟာ သီဆိုခြင်းနဲ့ ကခုန်ခြင်းများပင်ဖြစ်ကြပါတယ်။ reels, gigs, အိုင်ယာလန် ခြေထောက်အကတစ်မျိုးဖြစ်သော Clogging ၊ lullaby စတဲ့ ဂီတများဟာ Applachia မှော်အတတ်အစီအရင်များမှာ အများဆုံးပါဝင်နေကြဖြစ်ပါတယ်။ Avril Lavigne သီချင်းတစ်ပုဒ်ဖြစ်တဲ့ Goodbye သီချင်းစာသားထဲမှာပါတဲ့ Lullaby ဆိုတဲ့စာသားနဲ့ အသံနေအသံထားဟာ Applachia ရိုးရာဂီတထဲမှ Lullaby သီချင်းမှ ပြန်လည်ကောက်နှုတ်ထားခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ရှေးဟောင်း ကမ္ဘာမြေ၏ ကောင်းချီးခံယူခြင်းသီချင်းတစ်ပုဒ်ကို ရေးဟောင်း Tsalagi ဘာသာစကားနဲ့ရေးထားတာကို အသံထွက်နဲ့အတူ ဘာသာပြန်ပါဖော်ပြပေးလိုက်ပါတယ်။
A da we hi a ne he ne ha
Do hi u a iu ni
O lo hi a li ga lu lo hi u nah ta
Ga li e li ga O sa da du
(အဓိပ္ပါယ် - အမြော်အမြင်ရှိသောကာကွယ်စောင့်ရှောက်သူများ၏ အစောင့်အရှောက်အားဖြင့် သောကကင်းစေမယ့်လက်ဆောင်ကို ချီးမြင့်ပါ၊ အမိကမ္ဘာမြေနဲ့ အဖမိုးကောင်းကင်အစောင့်အရှောက်အားဖြင့် ကျေးဇူးတင်ရှိ ဂါရဝပြုအပ်ပါသည်။)
အာရုံခံစားခြင်းနဲ့ ရှေ့ဖြစ်ရှုစားခြင်းဟာ Appalachian Granny Magic လောကမှာ လူသိများထင်ရှားပါတယ်။ များသောအားဖြင့် သူတို့ဟာ တားရော့ဖတ်ခြင်း၊ ကတ်များကစားခြင်း၊ လက်ဖက်ခြောက်ကြည့်ရှုခြင်းနဲ့ တိမ်များကိုကြည့်ရှုခြင်းတို့နဲ့ ရှေ့ဖြစ်ဟောကြပါတယ်။ ပင့်ကူအိမ်များရဲ့ ဖွဲ့စည်းပုံကို သေချာစွာလေ့လာဖတ်ရှုကာ Cherokee Spider Grandmother Goddess ရဲ့ အမှာစကားအဖြစ်ပုံဖော်ကြပါတယ်။ Cherokee Spider Grandmother Goddess ဟာ သတင်းစကားများကို ပင့်ကူအိမ်နိမိတ်မှတစ်ဆင့်ပေးတတ်တယ်လို့ Appalichia များက အထူးယုံကြည်ထားပါတယ်။
Applachian Granny Magic ရဲ့ မှော်အသုံးအဆောင်ပစ္စည်းများဟာ လက်ရှိခေတ် Wicca အသုံးအဆောင်ပစ္စည်းများနဲ့အလွန်နီးစပ်ပါတယ်။ မှော်တုတ်တံဟာလည်း အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါသေးတယ်။ Applachia မှာ မှော်တုတ်တံကို ဖြောင့်တန်းပြီး တိုစင်းတဲ့ သစ်သားတုတ်ချောင်းကိုသုံးစွဲကြကာ ပန်းသီးပင် သို့မဟုတ် ဝက်သစ်ချပင်များရဲ့ အသားကို များသောအားဖြင့်သုံးကြပါတယ်။ Atheme လို့ခေါ်တဲ့ မှော်ဝင်ဓားကို တစ်ခါတစ်ရံမှာ စိုက်ပျိုးရေးနဲ့ပတ်သတ်သော အစီအရင်များမှာ သုံးစွဲကြပါတယ်။ မှော်ဒယ်အိုး (Cauldron) ကိုတော့ အစီအရင်လုပ်တဲ့ ဖလားတွေထက်ပိုအသုံးများပါတယ်။ ကြေးမုံပြင်၊ ဖယောင်းတိုင်၊ မှော်တံမြက်စည်းများ၊ မြေအိုးများနဲ့ မှော်ခြင်းတောင်းများဟာ ရိုးရာအရ သုံးစွဲကြတဲ့ မှော်အသုံးအဆောင်ပစ္စည်းတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ appalachia တောင်တန်းဒေသတွေမှာ ဒီပစ္စည်းတွေကို အိမ်မှာပင် ကိုယ့်လက်နဲ့ကိုယ်လုပ်ဆောင်ကြပါတယ်။
များသောအားဖြင့် appalachia ရိုးရာမှော်အတတ်မှာ ကုသခြင်းနှင့် အစီအရင်လုပ်ဆောင်ခြင်းကိုတွေ့ရတတ်ပါတယ်။ များသောအားဖြင့် အစီအရင်များလုပ်တဲ့အခါမှာ မှော်အင်္ကျီများ သီးသန့်ဝတ်ဆင်တာ တွေ့ရခဲပါတယ်။ အစီအရင်တွေလုပ်တဲ့အခါ မှော်စက်ဝိုင်းနဲ့ကာရံလုပ်ဆောင်ခြင်းဓလေ့လည်း နည်းပါးပါတယ်။ လက်ရှိခေတ် appalachia များဟာ သူတို့ယုံကြည်မှုသာမက အခြားမှော်အယူအဆများကိုလည်း ကျယ်ပြန့်စွာနှံ့စပ်နားလည်လာကြပါတယ်။ ဒီလိုနားလည်မှသာ မှော်ပညာလုပ်ဆောင်မှုများကို ပိုပြီး သက်တောင့်သက်သာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ မှော်ပညာဟာ ကျွန်တော်တို့ဘဝနဲ့ချိတ်ဆက်နေတဲ့ သဘာဝတရားရဲ့လမ်းကြောင်းတစ်ခုပါ။ မှော်ပညာကိုလေ့လာတဲ့အခါမှာ မတူကွဲပြားတဲ့အယူအဆအမျိုးမျိုးကို သိထားသင့်တာကြောင့် မှော်ပညာလေ့လာနေသူများ၊ စိတ်ဝင်စားသူများနဲ့ မျိုးဆက်သစ် Appalachia မှော်အတတ်လုပ်ဆောင်မယ့်သူများအတွက် ကမ္ဘာမှာနဲ့မြန်မာမှာ လူသိနည်းတဲ့ Applachia မှော်အတတ်ကို မျှဝေပေးလိုက်ရပါတယ်။
Appalachai မှော်အတတ်အစီအရင်များနဲ့ရိုးရာယုံကြည်မှုများ
============================
အချစ်ရေးကံကောင်းစေသောအဆောင်ပြုလုပ်နည်း - ကတ်ကြေးတစ်လက်ကိုယူကာ ကတ်ကြေးအချွန်တစ်ဖက်မှာ မိမိနာမည်ကိုရေးကာ အခြားတစ်ဖက်မှာ ချစ်သူရဲ့နာမည်ကိုရေးကမြေမြှုပ်ပါ။ ထူးခြားပါလိမ့်မည်။
ကြွက်နို့ပျောက်သောရိုးရာအစီအရင် - လဆန်း(၁)ရက်နေ့ညမှာ အာလူးကို တစ်ခြမ်းလှီးပြီး ကြွက်နို့ပေါ်မှာ လှီးထုတ်လိုက်တဲ့တစ်ခြမ်းနဲ့ ကြွက်နို့ကိုပွတ်တိုက်ပေးပါ။ မိမိနှ်စ်သက်သလို ပွတ်သပ်ပြီးပြီဆိုပါက အာလူးနှစ်ခြမ်းကိုပြန်ဆက်ကာ မြေမြှုပ်ပါ။ ထူးခြားပါလိမ့်မည်။
ပျားဆိပ်ဖြေနည်း - တကယ်လို့ ပျားဆိပ်တက်ပြီးဖျားနေတယ်ဆိုရင် ဗီနီဂါကို ပျားတုပ်ခံရတဲ့နေရာမှာသုတ်လိမ်းပေးပါ။ အဆိပ်တွေသက်သာသွားပါလိမ့်မည်။
ရိုးရာအသားယားနိမိတ်ဖတ်နည်း - Appalachai ရဲ့ ရိုးရာအသားယားနိမိတ်ဖတ်နည်းဖြစ်ပါတယ်။
ဘယ်ဘက်မျက်လုံးယားပါက - သင်ပျော်ရွှင်ရလိမ့်မည်။
ညာဘက်မျက်လုံးယားပါက - သင်ဒေါသထွက်ရလိမ့်မည်။
လက်ဖဝါးတစ်ခုလုံးယားပါက - ငွေဝင်လိမ့်မည်။
လက်ဖမိုးတစ်ခုလုံးယားပါက - ငွေထွက်လိမ့်မည်။
လက်ချောင်းများယားသော် - ငွေဝင်မည်။ သို့သော် ပြန်ထွက်မည်။
ညာဘက်လက်ဖဝါးနှင့်လက်ချောင်းများအားလုံးယားသော် - လူစိမ်းနှင့်ခင်ရမည်။
ဘယ်ဘက်လက်ဖဝါးနှင့်လက်ချောင်းများအားလုံးယားသော် - ငွေအများအပြားကိုင်ရမည်။
ခြေနှစ်ဖက်ယားသော် - ထူးဆန်းသောနေရာသို့ခရီးထွက်ရမည်။
နားအလိုအလျောက်ပူလာခြင်း - နားနှစ်ဖက်လုံးအလိုအလျောက်ပူလာပါက သင့်အတင်းကိုလူများပြောနေကြ၍ဖြစ်သည်။ ထိုအချိန် ဘယ်သူက သင့်အတင်းပြောတယ်ဆိုတာ ရအောင်စဉ်းစားနိုင်ရင် သူတော့ အတင်းဆက်ပြောမည်မဟုတ်ပါ။
အိပ်မက်နိမိတ် - မွေးဖွားခြင်းကို အိပ်မက်ပါက မိသားစု သို့မဟုတ် သူငယ်ချင်းတစ်ယောက်သေဆုံးသည်ကိုကြားရလိမ့်မည်။ သုံးခါဆက်တိုက် ငါးဖမ်းမိတယ်လို့ အိပ်မက်ပါက မိသားစုဝင်အသစ်တစ်ယောက် တိုးလာလိမ့်မည်။
နှာစေးသော် - သင်္ဘောဒန့်ဒလွန်ကိုဆော့စ်နှင့်ရော၍ အပူပေးပါ။ ပူလာသောအခါ နှာခေါင်းနားသို့ကပ်ကာ နှာရည်များမကျမချင်း နှာခေါင်းမှလေများ ကိုခပ်ပြင်းပြင်းရှူပါ။ နှာရည်များကျပြီးနောက်မကြာမီ သင်နှာခေါင်းပြန်ပွင့်သွားပါလိမ့်မည်။
ကျိန်စာများမကျရောက်စေရန် - သင့်ဆံပင်အချို့ကိုနှုတ်ကာ သင့်ဆံပင်နှင့်ပြန်စည်းထားသောအသည်း၊ သင့်ခြံစည်းရိုးမှ သစ်သားစ၊ အနီရောင်ကြိုးနဲ့တွဲထားသော သင့်ရဲ့ခြေသည်းလက်သည်းအပိုင်းအစတို့ကို စုစည်းပြီး အိပ်ထဲဆောင်ထားပါ။ ပြုစားခြင်းမှကာကွယ်နိုင်လိမ့်မည်။
ရိုးရာမှန်ကွဲကျိန်စာ (ခုနှစ်နှစ်ကံဆိုးစေကျိန်စာ) ကိုတော့ ယခုနည်းနှင့်ကာကွယ်နိုင်မည်မဟုတ်ဘဲ သင် မှန်ကွဲကျိန်စာတိုက်ခံထားရပါက သင့်အနီးမှ သင်္ချိုင်းကို ညသန်းခေါင်သွားကာ သင်္ချိုင်းမှ ရှေးအကျဆုံးအုတ်ဂုကို မထိသရွေ့ပြယ်မည်မဟုတ်ပါ။
(မှတ်ချက် - ယခုနည်းများသည် Appalachia တောင်တန်းများမှစုန်းများသုံးသော ရိုးရာနည်းလမ်းအချို့သာဖြစ်ပြီး သင်ကြားဖူးသောအရာအချို့နှင့်ကွဲပြားကောင်းကွဲပြားနိုင်ပါသည်။ အချို့မှာ ရှေးရိုးစွဲဆေးနည်းများဖြစ်ကြောင်း ကိုလည်း သတိချပ်စေလိုသည်။ နောက်လများတွင်လည်း Appalachia မှော်အတတ်အကြောင်းကို အလျဉ်းသင့်သလိုဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း ။ )

ကာရှိုင်း‬ (ကြယ်စင်ချစ်သူ)
KCB Center

မီးခိုးရောင်မှော်ပညာကျင့်စဉ် (စ/ဆုံး) Free Ebook Download


                       KCB Center Website မှာ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၅ ခုနှစ် မေလအထိအခန်းဆက်ဖော်ပြပေးခဲ့သည့် မီးခိုးရောင်မှော်ပညာကျင့်စဉ်များကိုစုစည်း၍ Ebook အနေနှင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ မကြာမီတွင်လည်း ယခုမှော်ကျင့်စဉ်၏အဆက် မီးခိုးရောင်အဆင့်မြင့်ကျင့်စဉ်များကိုလည်း KCB Center Website တွင်သာ ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 


ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center

Wizard (X) Files: The Secret of Numerology



ကိန်းဂဏန်းများဟ
ာ လူတွေရဲ့ ကံကြမ္မာကို တကယ်ပဲ လွှမ်းမို ခြယ်လှယ်ထားနိုင်ခြင်းရှိပါသလား။ လူသားတွေဟာ မွေးနေ့တူတိုင်း တကယ်ပဲ ကံကြမ္မာချင်းတူရိုးထုံးစံ ရှိကြပါသလား၊ ဂြိုဟ်တွေ နက္ခတ်တွေရဲ့ အသွားအလာက တကယ်ပဲ ကံတရားတွေနဲ့သက်ဆိုင်နေပါသလား။ သက်ဆိုင်နေပါတယ်ဆိုရင်ကော ကြားထဲက ဘယ်လိုမျိုး ဆက်သွယ်မှုတွေရှိလို့ကြောင့်ပါလဲ ...။ ဒီအောက်မှာ အသေးစိတ်ဖော်ပြထားပေးမှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲံ ဂဏန်းနဲ့ကံကြမ္မာအကြောင်းကို မပြောမီ ကိန်းဂဏန်းတွေ အကြောင်းကို စလေ့လာကြည့်ကြရအောင် ...။ ကျွန်တော်တို့လူသားတွေဟာ ကိန်းဂဏန်းတွေမှာဆိုရင်ဖြင့် ၀ ကနေ ၉ အထထိ ကိန်းဂဏန်းဆယ်လုံးကို အဓိကထားပြီး တွက်ချက်ကြရပါတယ်။ တစ်နည်းပြောရရင် ဆယ်လီစိတ်ကို အဓိကထားပြီး ရေတွက်ကြပါတယ်။ ဘာကြောင့် ဆယ်လီစိတ်နဲ့ရေတွက်ကြတာလဲဆိုရင် ကျွန်တော်တို့လူသားတွေဆီမှာ လက်ဆယ်ချောင်းသာ ပါဝင်တဲ့အတွက်ဖြစ်ပြီး ဆယ်လီစိတ်ဟာ ရေတွက်ရ၊ မှတ်ရ အလွယ်ကူဆုံးဖြစ်နေလို့ပါပဲ။ တကယ်လို့သာ ဂြိုဟ်တစ်ခုမှာ လက်ခြောက်ချောင်းပဲပါတဲ့ ဂြိုဟ်သားတွေရှိမယ်ဆိုရင် သူတို့ဂြိုဟ်ရဲ့ ကိန်းဂဏန်းရေတွက်မှုကို ၀ ကနေ ၅ အထိ ခြောက်လုံးသာပါတဲ့ ခြောက်လီစိတ်နဲ့ ရေတွက်ကြဖို့ဟာ ဖြစ်နိုင်ချေအလွန်များပါလိမ့်မယ်။
ကိန်းဂဏန်းတွေအကြောင်းမပြောမီ ကိန်းဂဏန်းတွေ အသက်ဝင်လာပုံအကြောင်းကို အရင်ပြောရပါလိမ့်မယ်။ ပထမတစ်ချက်ကတော့ ယုံကြည်မှုပါပဲ။ ဘယ်အရာမဆို ယုံကြည်မှုလွန်ကဲရင်၊ ယုံကြည်မှုလွန်ကဲပြီး အယူအဆတစ်ခုဟာ မသိစိတ်နယ်ပယ် တစ်ခုထဲမှာ အလိုလိုရိုက်သွင်းမိရင် ဒါဟာ တကယ်ဖြစ်သွားတတ်ကြစမြဲပါပဲ။ မမျှော်လင့်ဘဲထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေနဲ့ပတ်သတ်တဲ့ ယုံကြည်မှု ထင်မြင်မှုတွေဟာ ပေါင်းစပ်ပြီး မသိစိတ်နယ်ပယ်ကတစ်ဆင့် ကံတရားကို လွှမ်းမိုး ချယ်လှယ်သွားပါတော့တယ်။
ဥပမာ ဆပ်ပြာမှုန့်ကြော်ငြာတစ်ခုမှာ 99.99% ချေးပြောင်စေသည်လို့ဆိုလိုက်ရင် သင် 99.99% ထက် 100% ကိုသာ ပြေးမြင်မိမှာ အသေအချာပါပဲ။ ဒါဘာကြောင့်လဲဆိုတော့ ၉ ဂဏန်းဟာ ဆယ်လီစိတ်မှာအကြီးဆုံးလို့ ထင်ထား၊ သြဇာအာဏာအကြီးဆုံးလို့ ငယ်စဉ်ကတည်းက မသိစိတ်ထဲမှာ ပုံစံရိုက်သွင်းထားမိတဲ့ အတွက် သင့်မသိစိတ်ကနေ အလိုလို ၁ ပေါင်းထည့် ဖြည့်ဆည်းပေးလိုက်မိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၉ ဂဏန်းကို သြဇာအာဏာကြီးမားသော ဂဏန်းတစ်ခုအဖြစ်ဖြင့် သတ်မှတ်ဟောဆိုကြသလို ထို မသိစိတ် ပုံစံသွင်းခံရမှုကြောင့်သာ ၉ ဂဏန်းက ကျွန်တော်တို့ရဲ့ကံကို ချယ်လှယ်လွှမ်းမိုးသွားပါတော့တယ်
Lucky 7 ဆိုတာ သင်ကြားဖူးမှာပါ။ 7 ကိုဘာကြောင့် Lucky ဂဏန်းအဖြစ် ယူဆကြသလဲဆိုတာကတော့ 7 ဂဏန်းရဲ့ပုံစံဟာ အောင်မြင်ခြင်း ယုံကြည်ချက်ကို မသိစိတ်ကနေ ရိုက်သွင်းမိနေစေအောင် (အောင်မြင်သောဓာတ်များထွက်လာစေအောင်) လှုံ့ဆော်ပေးနိုင်လို့ပါပဲ။ သင် 7 ဂဏန်းကို သေချာကြည့်ပါ။ အခြားဂဏန်းတွေနဲ့ယှဉ်ရင် ပိုတန်ဖိုးကြီးသော ငယ်ငယ်က သင်ခဲ့ဖူးသောသင်္ကေတ Greater than (>) သင်္ကေတနဲ့ပုံစံတူနေတာကို တွေ့ရသလို အပေါ်ကိုတက်နေတဲ့ မြှားလေးအဖြစ်နဲ့တူနေတာကို သတိထားမိမှာပါ။ သင်က အမှုမဲ့ အမှတ်မဲ့ သတိမထားမိနေပေမယ့် သင့်မသိစိတ်ကတော့ 7 ကိုမြင်တိုင်း Greater than (>) နဲ့ အပေါ်တက်သော မြှားလေးတို့ရဲ့ တူညီ နီးစပ်တဲ့ပုံရိပ်ကို စဉ်ဆက်မပြတ် နှိုးဆော်ထုတ်လွှင့်နေတဲ့အတွက် အောင်မြင်ခြင်း၊ ကံကောင်းခြင်းဓာတ်တွေ အလိုလိုဖြစ်ပေါ်နေတယ်ဆိုလည်း မမှားပါဘူး။
နောက်တစ်ချက် ကိန်းဂဏန်းတွေရဲ့ အသံထွက်နဲ့ အသံဌာန်ကလည်း ကိန်းဂဏန်းတွေ အသက်ဝင်နေစေတဲ့အထဲမှာ တစ်နည်းအပါအဝင်ပါပဲ။ တရုတ်မှာ လေးဂဏန်း (四) ရဲ့ Sì ဆိုတဲ့အသံထွက်ဟာ သေတယ်(死) ဆိုတဲ့ Sǐ အသံထွက်နဲ့ဆင်တူနေတာကြောင့် unlucky number အဖြစ်သတ်မှတ်ကြပြီး လေးဂဏန်းကို အခြားအသံထွက်မျိုးနဲ့ပြောင်းလဲ ခေါ်သူကတောင် ခေါ်ကြပါတယ်။ နောက်တစ်ခု Zero ကနေ Nine အထိ ဆယ်လီစိတ်ဂဏန်းတွေရဲ့ အင်္ဂလိပ်အသံထွက်မှာ Eight ဆိုတဲ့ ရှစ်တစ်လုံးတည်းကသာ (a,e,i,o,u) သရစာလုံးအစစာလုံးနဲ့ ထောက်ပံ့ထားပြီး အသံဌာန်ကိုအားပေးတဲ့ သရသံထွက်ကိန်းဂဏန်းအဖြစ် ထီးထီးကြီးကွဲထွက်နေတဲ့အတွက် Eight ဂဏန်းကို Numerology မှာ သဘာဝလွန်ဆန်သော၊ မှော်ဆန်သော ဂဏန်းအဖြစ်နဲ့ယူဆကြပါတယ်။ ဒါက ဆယ်လီစိတ်အတွက်ဖြစ်ပြီး ဒါဇင်နဲ့ရေတွက်တဲ့ ဆယ့်နှစ်လီစိတ်မှာတော့ vowel အစစာလုံး ပါတဲ့ အကြီးဆုံး ဂဏန်းဟာ Eleven ဖြစ်ပြီး ဂမ္ဘီရ၊ သဘာဝလွန် ကိစ္စများအတွက် ခွန်အားရှိသော စွမ်းအားပြင်းဂဏန်းတစ်ခုအဖြစ် ယူဆကြပါတယ်။ ကမ္ဘာကျော် Convenience Store ဆိုင်တစ်ဆိုင်ဖြစ်တဲ့ 7 Eleven ဟာ ကံကောင်းစေသော 7 ဂဏန်းကို သင်္ကေတအဖြစ်ယူဆလို့ ဂဏန်းအဖြစ်သာထားထားပြီး သရစာလုံးပါတဲ့ Eleven ကို စာလုံးပေါင်းနဲ့ Logo မှာဖော်ပြထားတာတွေ့ရမှာပါ။ ဒါဟာဘာကြောင့်လဲဆိုရင် ကံကောင်းစေတဲ့ ၇ ဂဏန်းကို ဂမ္ဘီရဆန်စွမ်းအားများ ကိန်းအောင်းနေတဲ့ သရစာလုံးပါ Eleven နဲ့ပေါင်းပြီး သာမာန် Lucky 7 ထက်ပိုမိုအစွမ်းထက်အောင်စီမံထားလို့ပဲဖြစ်တာကြောင့် နှစ်ပေါင်းများစွာကြာတဲ့အထိ အခုလို အောင်မြင်နေတာကို တွေ့ရမှာပါ။
နောက်တစ်ခု ဂဏန်းတွေနဲ့ပတ်သတ်ပြီး ခန့်မှန်းပြောဆိုကြတာဟာ လူတွေက ဖြစ်နိုင်ချေ(Probability) ကို တွက်ဆတတ်လာကြတဲ့အတွက်ပါ။ အနီးဆုံး ဥပမာတစ်ခုကို ပေးရရင်တော့ အခုလို နွေဦးရာသီရောက်ရင် မီးတွေအလောင်များကြတော့ နွေဦးရာသီရောက်တိုင်း မီးတွေလောင်မယ်ဆိုတာကို လူတိုင်းကြိုသိနေကြပါပြီ။ ဒါဟာ အကြားအမြင်ရလို့မဟုတ်ဘဲ အခြေနေနဲ့ အချိန်ခါကို လိုက်ပြီး ဖြစ်နိုင်ချေကို တွက်ဆတတ်ကြလို့ပဲဖြစ်ပါတယ်။ Friday 13 လို့ခေါ်တဲ့ ၁၃ သောကြာ ကံမကောင်းမှုရက်စွဲလို့ သတ်မှတ်တာလည်း ထိုနည်းလည်းကောင်းပါပဲ။ ၁၃ သောကြာတွေက ကံဆိုးမိုးမှောင်ကျမှုတွေ အများဆုံးဖြစ်နေလို့ပါပဲ။ နောက်တစ်ခုရှိပါသေးတယ်။ အချို့လူတွေက အခက်သားဗျ။ Friday (သောကြာနေ့)လို့ပြောလိုက်တာနဲ့ Frighten Day (ကြောက်မက်ဖွယ်နေ့) ဆိုတဲ့ အသံထွက်တူတာက သွားရောက်ထင်ဟပ်လာတတ်ပါတယ်။ ဒါကြောင့် သောကြာနေ့ကံဆိုးသူတွေထဲမှာ အများဆုံးက ဥရောပသားတွေဖြစ်နေကြတာပါပဲ။
နောက်တစ်ခုက မွေးနေ့ကိုလိုက်ပြီး ကံတရားတူတာ..။ အချို့လူတွေက မတူညီတဲ့ဒေသ၊ ကာလပေါ်လိုက်ပြီး မွေးတဲ့အချိန် ဗီဇကွဲပြားကြပါတယ်။ ဥပမာပြောရရင် ဆောင်းရာသီမွေးသူတွေက အခြားရာသီမွေးသူတွေထက်ပိုပြီး အဆုတ်ကြီးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ငယ်စဉ် အအေးဒဏ်ခံနိုင်အောင် သဘာဝတရားကြီးက ဖန်တီးပေးထားတာမို့လို့ပါ။
မွေးရက်ပေါ်လိုက်ပြီး ကံတရားတူတယ်ဆိုတာကလည်း ခုနပြောခဲ့တဲ့ မွေးဖွားသူမိဘတွေရဲ့ မသိစိတ်ကလာတဲ့ ကိန်းဂဏန်းလွှမ်းမိုးမှုတွေကြောင့် ဖြစ်နိုင်သော်လည်း မွေးနေ့တူတိုင်း ကံကြမ္မာတူနိုင်သော်လည်း အခြေနေအချိန်ခါပေါ်လိုက်ပြီး ပြောင်းလဲနိုင်ပါသေးတယ်။
ဘုရားလောင်း သိဒ္ဓတ္ထမင်းသားဟာ ကဆုန်လပြည့်နေ့မှာမွေးပေမယ့် ကဆုန်လပြည့်နေ့မှာမွေးတိုင်း လူကောင်းမဖြစ်နိုင်ပါဘူး။ အကျဉ်းထောင်တွေမှာ ထောင်ကျနေသူတွေရဲ့ မွေးသက္ကရာဇ်တွေကို စုစည်းကြည့်မယ်ဆိုရင်လည်း သူတို့ထဲမှာ ဇာတာပေါင်းစုံရှိနေမှာပါပဲ။ ထောင်ထဲကလူအားလုံးရဲ့ဇာတာက ထောင်ကျမယ့်ဇာတာတွေနဲ့ချည်းမဟုတ်ပါဘူး။
ဒီပုံသေဗေဒင်ဟောကိန်းတွေကနေ လွဲချော်ကာ အခြေနေအချိန်အခါအလိုက် ကံဆိုတာ ပြောင်းလဲနိုင်ပါတယ်။ ဒီလိုပြောင်းလဲအောင်ဖန်တီးပေးနိုင်တဲ့ အခြေနေတွေကို လုပ်ဆောင်ပေးနိုင်တဲ့ အရာတွေထဲမှာ ယတြာတွေဆိုတာကလည်း တစ်ခုအပါအဝင်ပေါ့။ ဒါကြောင့် အဘဒေါက်တာမင်းသိင်္ခက ဗေဒင်ထက် ယတြာကိုသာ အဓိကထားဖို့ ပြောခဲ့တာပဲဖြစ်ပါတယ်။ စာနည်းနည်းရှည်သွားပြီဖြစ်လို့ ဒီစာကို ဒီမှာပဲရပ်လိုက်ပါရစေ။ ကျန်ရှိနေသေးတဲ့ နက္ခတ် ဂြိုဟ်အသွားလာတို့ရဲ့ လျှို့ဝှက်ချက်အကြောင်းကတော့ ဒီပို့စ်ကို အားပေးမှုအခြေနေပေါ်မူတည်ပြီး ဆက်တင်ပေးသွားပါမယ်။ ဘာသာပြန်မဟုတ်သော ကွှန်တော့်အတွေးအခေါ်အယူအဆနဲ့ သုတေသနပြုချက်ကို အသိအမှတ်ပြုတယ်ဆိုရင် အောက်မှာ တစ်ခုခုပြောသွားခဲ့စေချင်ပါတယ်။ အားလုံးရဲ့ အားပေးစကားတစ်ချက်က အခုဆက်လုပ်နေတဲ့ သုတေသနတွေ စူးစမ်းမှုတွေအတွက် ခွန်အားဖြစ်စေမှာမို့လို့ပါပဲ ...။

Research & Data Collected @ 2015 by
ကာရှိုင်း‬(ကြယ်စင်ချစ်သူ)

ပထမနှစ်လပတ်အတွက်မှော်စာပေအကယ်ဒမီဆုရရှိကြသူများစာရင်း

                      ၂၀၁၆ခုနှစ် ပထမနှစ်လပတ် (Jan-Feb) အတွက် မှော်စာပေအကယ်ဒမီအစီစဉ်ကို KCB Member များရှာဖွေလေ့လာမှုအားကောင်းစေရန်နှင့် ဗဟုသုတများ မျှဝေနိုင်စေရန်ရည်ရွယ်၍ Member များအား website တွင် နှစ်လစာ မှော်ပညာအကြောင်းအရာဗဟုသုတများ တင်ဆက်စေခဲ့ရာ ဆုသုံးခုအဖြစ် အောက်ပါအတိုင်း သတ်မှတ်ချီးမြှင့်လိုက်ပါတယ်။

                     ပထမဆုံးအနေနဲံ့ Website မှာ ကြည့်ရှုမှုအကြိမ်ရေအများဆုံး Popular Choice Award ကို ဦးစွာကြေငြာမှာပဲဖြစ်ပါတယ်။ Popular Choice Award ကိုမကြေငြာခင်မှာ ၂၀၁၆ခုနှစ် ပထမနှစ်လပတ်အတွင်းရရှိခဲ့တဲ့ ကြည့်ရှုမှုအကြိမ်ရေများကို ဦးစွာဖော်ပြပေးသွားပါမယ်။ ဒီအကြိမ်ရေတွေကို ဖေဖော်ဝါရီလမှ မတ်လအကူး ဖေဖော်ဝါရီ(၂၉)ရက် ညသန်းခေါင်ယံအချိန်တိတိမှာ ကောက်ယူထားခြင်းပဲဖြစ်ပါတယ်။ ကြည့်ရှုမှု အကြိမ်ရေအများဆုံး ပို့စ်သုံးခုမှာ  -
Kenneth Syeriamofus   ၏ Astral Projection (ခေါ်) ဝိညာဉ်လွှင့်နည်းများ            က (၉၂၄)ကြိမ်
Aung Kyaw Hein         ၏ မှော်ပညာရပ်၏အခြေခံကျင့်စဉ်နှစ်မျိုး                         က (၉၉ဝ)ကြိမ်
ကာရှိုင်း (ကြယ်စင်ချစ်သူ) ၏ မှော်ဆန်ချစ်သူ Flaming Twin ကိုနိုးထစေခြင်းလစန္ဒာမှော်အတတ်   က(၁၀၅၆)ကြိမ်

တို့ဖြစ်ကြသောကြောင့် Aung Kyaw Hein ၏ မှော်ပညာရပ်၏အခြေခံကျင့်စဉ်နှစ်မျိုးက ကြည့်ရှုမှုအကြိမ်ရေပေါင်း (၉၉ဝ)နဲ့ Popular Award ကို ရရှိသွားပါတယ်။ ဆုတံဆိပ်နဲ့လက်ဆောင်ကို မကြာမီမှာပေးအပ်သွားမှာဖြစ်ပြီး Academy Point အဖြစ် Member Card ထဲသို့ အမှတ်(၂ဝ)ပေါင်းထည့်ပေးထားလိုက်ပါတယ်။

                        ဒုတိယအနေနဲ့ Admin Choice Award ဖြစ်ပြီး အွန်လိုင်းပေါ်မှနှင့် အပြင်မှ ဆရာများနှင့် တိုင်ပင်ပြီး ရွေးချယ်ဖြစ်ခဲ့သော ပို့စ်ကတော့ -
Kenneth Syeriamofus   ၏ Astral Projection (ခေါ်) ဝိညာဉ်လွှင့်နည်းများ ပို့စ်ပဲဖြစ်ပါတယ်။ ဒီပို့စ်ဟာဆိုရင်ဖြင့် နည်းလမ်းကျင့်စဉ်၊ ညွှန်ကြားခြင်းနှင့် ဗဟုသုတ ကို အခြားပို့စ်များထက် ပိုမိုပြသပေးနိုင်ခဲ့သောကြောင့် ဒီပို့စ်ကို KCB Admin Team မှ Admin Choice Award အဖြစ်ရွေးချယ်ပေးလိုက်ရတာပဲဖြစ်ပါတယ်။ ဆုတံဆိပ်နဲ့လက်ဆောင်ကို မကြာမီမှာပေးအပ်သွားမှာဖြစ်ပြီး Academy Point အဖြစ် Member Card ထဲသို့ အမှတ်(၂ဝ)ပေါင်းထည့်ပေးထားလိုက်ပါတယ်။

                          နောက်ဆုံးအနေနဲ့ People Choice Award ဖြစ်ပြီး အရင်ရက်များမှ အွန်လိုင်းမှာ ကောက်ယူခဲ့သော Voting Result များမှ ပြန်လည်ကောက်ယူချီးမြင့်ခြင်းဖြစ်ပြီး Voting ပေးမှုအကြိမ်ရေများအရ -
အသက်​ရှည်​နည်း၊ စိတ်​ကိုချုပ်​တည်ြး­ခင်းနဲ့ အသက်​ကို​ချွေတာခြင်​­း က 10% Voting
Astral Projection (ခေါ်) ဝိညာဉ်လွင့်နည်းများ                       က 20% Voting
ကိုယ်ရောင်ဝါတောက်ပစေဖို့နည်း(၇)သွယ်                           က  30% Voting နဲ့
မှော်ပညာရပ်၏အခြေခံကျင့်စဉ်နှစ်မျိုး                                    က 40% Voting အသီးသီးရရှိခဲ့သောကြောင့် Aung Kyaw Hein ရဲ့ မှော်ပညာရပ်၏အခြေခံကျင့်စဉ်နှစ်မျိုးပို့စ်ကပင် People Choice Award အဖြစ် ထပ်မံ ဒုတိယအကြိမ်ရရှိသွားပါတယ်။ ဆုတံဆိပ်နဲ့လက်ဆောင်ကို မကြာမီမှာပေးအပ်သွားမှာဖြစ်ပြီး Academy Point အဖြစ် Member Card ထဲသို့ အမှတ်(၂ဝ)ပေါင်းထည့်ပေးထားလိုက်ပါတယ်။




                        ဆုရရှိသူနှစ်ဦးအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနဲ့ ဆုရရှိသူများကော မရရှိသေးသူများပါ နောက်လများမှာ ဆက်လက်ကြိုးစားရေးသားနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။ Jan-Feb နှစ်လတာ မှော်စာပေအကယ်ဒမီအစီစဉ် ပြီးဆုံးပြီဖြစ်ပြီး မကြာမီ Satanic Sorcerers အဖွဲ့နဲ့ KCB အဖွဲ့တို့ရဲ့ မှော်ပညာပြိုင်ပွဲကို ဆက်လက်လုပ်ဆောင်ပေးသွားမှာပါ။

ကာရှိုင်း (ကြယ်စင်ချစ်သူ) 
KCB Center

အသက်ဆွဲဆန့်ခြင်းဆိုင်ရာနိယာမများ




သေဆုံးတယ်ဆိုတာဘာလဲ ????  ရှေးဟောင်းအယူနဲ့ကြည့်ရင် ဝိညာဉ်ထွက်ခြင်း ဘဝကူးခြင်း သိပ္ပံအယူနဲ့ကြည့်ရင် ခန္ဓာစက်ရုံကြီးရပ်တံ့ခြင်းတဲ့ အကယ်လို့ ဘဝမကူးနိုင်အောင် ခန္ဓာစက်ရုံမရပ်တံ့အောင် သင်လုပ်နိုင်ခဲ့ရင်ကော ဘာတွေဆက်ဖြစ်လာမှာလဲ ??
 ရှေးဟောင်းစုန်းတွေဟာအသက်ကိုလိုသလိုဆွဲဆန့်နိုင်တယ်ဆိုတဲ့စကားများရှိခဲ့ပါတယ် မြန်မာ့လောကီသမိုင်းမှာ အသက်ထောင်သောင်းရှည်တဲ့ဝိဇ္ဇာတွေ ဇော်ဂျီ  ဝိဇ္ဇာမိုရ်တွေရှိတယ်လို့မှတ်တမ်းများရှိပါတယ် ဒါဟာယုံတမ်းစကားတစ်ခုလိုပါပဲ မသဲကွဲတဲ့အကြောင်းအရာများပါ တကယ်လား ဟုတ်ပါတယ် ရာဇဝင်မှာအတိအလင်းလဲရှိပါတယ် မန္တလေးမြို့တည်သမိုင်းမှာမြေတွင်းအောင်းဝိဇ္ဇာတစ်ဦးကိုမြို့ရိုးတူးစဉ်တွေ့ရှိရတယ်လို့ဆိုပါတယ် ဝိဇ္ဇာဟာ ဖြူစွတ်နေတဲ့အသားအရေရှိတယ်လို့မှတ်တမ်းရှိပါတယ် ဒါပေမဲ့ အဲ့ဒိဝိဇ္ဇာဘာဆက်ဖြစ်လဲမှတ်တမ်းမရှိတာ နှမြောစရာပါပဲ နောက်တစ်ချက်က ခေါင်းမီးခြုံဆရာတော်ဟာ အသက်ထောင်ကျော်ပြီလို့သူ့ဒကာရင်းရဲ့ပြောပြချက်အရသိရှိရပါတယ် ( လေ့လာကြည့်ရန် ) ဟုတ်ကဲ့တစ်ချက်ခြင်းချိန်ထိုးကြည့်ရအောင်

ဗေဒင်

ဗေဒင်ပညာမှာအသက်သုန်းကိန်းဆိုတာရှိပါတယ် သေဆုံးခြင်း ဘေးအန္တရာယ်ကျရောက်ခြင်းကိုရည်ညွှန်းပါတယ် အယူတော်မင်္ဂလာဦးနိုးဟာ ဗေဒင်နမိတ်အရ ၄င်းရဲ့အသက်သုန်းကိန်းရောက်ပြီမို့ဆေးကုသခြင်းမခံယူပဲသေဆုံးခဲ့တယ်လို့စာမှာပါပါတယ် ( နမိတ်တပေါင်များ ) အကယ်လို့ ဦးနိုးမှာအစွမ်းထက်တဲ့အသက်သုန်းကိန်းကိုကျော်နိုင်တဲ့ယတြာများရှိရင်ဘာဖြစ်နိုင်မလဲ

ဆေးပညာ

ရှေးစုန်းကဝေ ဝိဇ္ဇာတွေဟာဆေးစားပြီးအသက်ရှည်တယ်လို့ဆိုပါတယ် ဟုတ်နိုင်ပါ့မလား သိပ္ပံနည်းနဲ့စဉ်းစားရင် ခန္ဓာကိုယ်က ဆဲလ်တွေပြောင်းလဲလာမှုအပေါ်မူတည်ပြီး လူခန္ဓာပြောင်းလဲရတာပါလို့ဆိုပါတယ် အကယ်လို့ သေဆုံးသွားတဲ့ဆဲလ်အဟောင်းတွေအစား အသစ်တွေချက်ခြင်းမွေးဖွားတဲ့ဆေးမျိုးမရှိတာမဖြစ်နိုင်ဘူးလား ဗုဒ္ဓတရားတော်အရခန္ဓာအတွင်းမှာပိုးမျိုးပေါင်းထောင်သောင်းမကရှိတယ်လို့ဆိုပါတယ် သေဆုံး ( အစာမစားရတဲ့အခါ ) ၄င်းပိုးတွေကခန္ဓာကိုပြန်စားလို့ ပုပ်ရတယ်လို့ဆိုပါတယ် အကယ်လို့အဲ့ဒိပိုးတွေက်ုထိန်းချုပ်နိုင်ရင်ကော ??? ထိန်းချုပ်နိုင်ခဲ့ကြပါတယ် ယခင်ဆေးဝင်္ကပါကျောင်းတိုက် ယခု ကျောက်တော်ကြီးဘုရားတည်နေရာမှာသီတင်းသုံးတော်မူခဲ့တဲ့ ဆေးဝင်္ကပါဆရာတော်ရဲ့ ရုပ်ကလပ်တော်ဟာ ကျောက်အဖြစ်တည်ရှိနေပါတယ် ၄င်းဆေးဝင်္ကပါဆရာတော်ရဲ့ရုပ်အလောင်းဘာလို့မပုပ်တာပါလဲ ဆေးဝင်္ကပါဆရာတော်ဟာဝိဇ္ဇာမယဆေးအတတ်ကိုအထူးကျွမ်းကျင်သူပါ ၄င်းဆေးအတတ်နဲ့စီရင်ခဲ့တာလို့ဆိုပါတယ် ဆရာတော်ဘာဆေးတွေများသုံးခဲ့ပါသလဲ ၄င်းကဲ့သို့ ဆဲလ်များပြောင်းလဲစေခဲ့သလို ဆဲလ်အသစ်များထပ်မံထပ်မံမွေးဖွားမဲ့ဆေးမျိုးကော ဝိဇ္ဇာမယဆေးပညာမှာမရှိနိုင်ဘူးလား????

ကျင့်စဉ် ဂါထာမန္တန်များ

ရာဇဝင် သမိုင်းမှာ မြေလျှိုးနိုင်တဲ့ဂါထာ မိုးပျံနိုင်တဲ့ဂါထာ ဆင်ကိုယဉ်ပါးစေနိုင်သောဂါထာ စသည်ဖြင့်ပါရှိပါတယ် ဗုဒ္ဓစာပေတွေမှာကိုအခိုင်အမာဆိုထားတာပါပဲ အနီးဆုံးကြည့်ရင် ဂုဏ်တော် ၁၀၀၀ အနှစ်ငါးဆယ်ရွတ်တဲ့သူဟာ မပုပ်ဘူးလို့ ကိုးဂိုဏ်းချုပ်ဆရာအစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့စကားရှိပါတယ် ယုံတမ်းဟုမထင်ပဲ သာမညဆရာတော်ရဲ့ဥပမာကိုလေ့လာနိုင်ပါတယ် အခြားတိဘက်ကိုယ်တော်များကောဘယ်လိုကျင့်စင်များကျင့်သုံးခဲ့လို့ မပုပ်မသိုးတဲ့ခန္ဓာကိုယ်များကမ္ဘာမှာပေါ်ပေါက်ခဲ့ပါသလဲ

အသက်ကိုအသက်ဖြင့်လဲလှယ်ခြင်း

စုန်းကဝေများတွင်မကသိုက်မှလာသည်ဟုဆိုသူများပါအသုံးပြုနေသောနည်းစနစ်ပါ သိုက်ဖွားများမိမိအသက်မသေဆုံးစေရန် ကံဆက်ခြင်း လူစားလဲခြင်းကိုအချို့အချို့သောဆရာများမှပြုလုပ်ဆောင်ရွက်ပေးကြပါတယ် လက်ရှိလူများလဲအသက်ကိုအသက်ဖြင့်လဲလှယ်အသက်ရှင်သန်နိုင်ပါသလား သာမန်လူများကော၎င်းနည်းစနစ်များကိုဘာကြောင့်အသုံးမပြုနိုင်ရပါသလဲ

တရားရှာခန္ဓာတွေ့ဟူသောစကားကိုပြန်ကောက်ရအောင်ပါ ရှေးယခင်ကဗုဒ္စစာပေများတွင် အသက်တစ်သိန်းတန်း အသက်တစ်ထောင်တန်း ဂေါတမရှင်သည် အသက်ရှစ်ဆယ့်ငါးတန်း ယခု ခုနှစ်ဆယ့်ငါးတန်းလို့သတ်မှတ်ထားတဲ့လောကကြီးမှာအသက်တိုလာခြင်းရဲ့ကွာခြားချက်ကသိပ်မရှိပါဘူး အဲ့ဒါတွေကနေထိုင်ပုံနည်းစနစ် အကျင့်လီလပါတဲ့ မယုံကြည်လို့လဲမရပါ တရားမှတ်ဝိပဿနာပွားရင်းပျောက်ကင်းခဲ့တဲ့ရောဂါတွေရှိနေပြီဆိုတာကမ္ဘာကလက်ခံလာပါပြီ အနောက်တိုင်းဆေးပညာနဲ့ကုသရန်ခက်ခဲနေတဲ့ ဦးနှောက်သွေးယိုခြင်းဝေဒနာကိုတောင် ဝိပဿနာရှုခြင်းနဲ့ကုသပျောက်ကင်းခဲ့ပါပြီ ( အရှင်ကောဝိဒ သေမင်းနှင့်စစ်ခင်းရာဝယ်တရား ) ဒီလိုနည်းစနစ်တွေကိုကိုင်ထားပါလျှက်နဲ့ဘာလို့ကျွန်တော်တို့ ငယ်ရွယ်စဉ်သေဆုံးနေရပါသလဲ ပထဝီ တေဇော အာပေါ ဝါယော ဓာတ်ကြီးလေးပါးကိုထိန်းချုပ်နိုင်တဲ့ စုန်း ကဝေ ဝိဇ္ဇာ
ဇော်ဂျီ တပသီတွေ မိမိခန္ဓာကိုယ်ကိုဘယ်လိုမရင့်အောင်ထိန်းချုပ်သလဲဆိုတဲ့မေးခွန်းတွေကိုအဖြေရှာရင်း အသက်ဆွဲဆန့်ခြင်းဆိုင်ရာရှေးဟောင်းနိယာမတွေကိုရရှိကြမှာပါ သေချာတာတစ်ခုကဒီပြဿနာရဲ့မေးခွန်းနဲ့အဖြေကမိမိကိုယ်တိုင်ပါပဲ

Professor X

Myanmar Occult Pages Volume (7) Free Ebook Download


                     မြန်မာလောကီလိုက်စားသူနှစ်ဦးဖြစ်တဲ့ ကိုသစ်နက်နဲ့ ကိုဂန္ဓာရီခရီးသည်တို့ရဲ့ ပူးပေါင်း ထုတ်ဝေမှုဖြစ်တဲ့ Myanmar Occult Pages Online Magazine Volume (7) ကို တင်ဆက်ပေးလိုက်ရပါတယ်...။  နောက်ထုတ်မယ့် Myanmar Occult Pages Magazine Issue များကိုလည်း KCB Center မှာ ဆက်လက်တင်ဆက်ပေးသွားဦးမှာဖြစ်လို့ အားပေးနိုင်ကြပါကြောင်း...။


KCB Center
(MOP Digital Magazine ကို MOP ၏ဦးစီးလုပ်ဆောင်သူတစ်ဦးဖြစ်သော ကိုသစ်နက်၏ ခွင့်ပြုချက်ဖြင့် တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း .....)

Follow by Email

Powered by Blogger.

-

Live Chat Support

-

-
© Copyright KCB Center
Back To Top